15-12-2024

စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင်၊ကျွန်းလှနယ်ထဲက ကုက္ကိုကုန်း၊တကုန်း၊လွှတ်တိုက်၊မဒေါင်ဘက်က ရွာတွေကို တပ်မတော်နဲ့ပြည်သူ့စစ် စစ်ကြောင်းထိုးတုန်းက ရွာသားတွေထွက်ပြေးနေကြတာရှိပါတယ်။မထွက်ပြေးရင်လည်း အကြမ်းဖက်ဘက်က ဒလန်ဆိုပြီးသတ်မှာပါ။ခု စစ်ကြောင်းက အထိုင်ချပြီး ရွာသားတွေအေးချမ်းစွာပြန်နေဖို ခေါ်ပါတယ်။၅၅၀ဆရာတော်နဲ့ ဗျူဟာမှူးကြီးကလည်း အဲ့ရွာသားတွေကိုပြန်ခေါ် ၊တောထဲမှာ ဒုက္ခရောက်လိမ့်မယ်၊ပြေးကြလွှားကြနဲ့ ကျန်းမာရေး ကိစ္စတွေခက်ခဲလိမ့်မယ်၊ထိတွေ့မှုဖြစ်လာရင် အသက်သေဆုံးတဲ့အထိဖြစ်လိမ့်မယ်၊ဒါ့ကြောင့်ရွာသားတွေကို ပြန်ခေါ်ပါလို ညွန်ကြားလာပါတယ်။


ကျွန်းလှပြည်သူ့စစ်ခေါင်းဆောင်ကလည်း ပြန်လာချင်တဲ့သူတွေ ဆက်သွယ်ပြီး ပြန်လာကြဖို ပြောပါတယ်။ဖြစ်နေတာက အကြမ်းဖက်တွေက မပြန်ခိုင်းတာပါ။ပြန်ဝင်ရင်ဒလန်ဆိုပြီး သတ်နေပါတယ်။သူတိုက နိုင်ငံတကာသိအောင် မီဒီယာမှာ စစ်ရှောင် ၂သောင်း ဆိုပြီး အော်လိုရအောင်နဲ့ ပြည်သူတွေရှိရင် တပ်ကထိမ်းထိမ်းသိမ်းသိမ်း လုပ်လိမ့်မယ် ဆိုတာသိတဲ့အတွက် လူသားတံတိုင်းအဖြစ် ကာထားတာပါ။မတော်တဆ တိုက်ပွဲအတွင်းပြည်သူသေဆုံးခဲ့ရင်လည်း သူတိုအတွက်အမြတ်ပါပဲ။ဒါက မြေပြင်မှာဖြစ်နေတဲ့ လက်ရှိအမှန်တရားပါပဲ။


ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ

https://t.me/kyunhlanews